“အဖမ်းခံရတဲ့ ညီအကိုတွေကို၊ ငါတို့ချွေးနဲ့ ပြန်ကယ်စို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြ

Photo -GSCB

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်များက မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ “ဖုန်းမော်ကျဆုံး မတ်လ ၁၃၊ တော်လှန်သောနေ့ ငါတို့မမေ့” ဆိုတဲ့ ကြွေးကြော်သံ၊”အဖမ်းခံရတဲ့ ညီအကိုတွေကို၊ ငါတို့ချွေးနဲ့ ပြန်ကယ်စို့” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ညမှာ ရန်ကုန်မြို၊ RIT ကျောင်းဝင်းအတွင်း စစ်အာဏာရှင်​ နေဝင်းလက်အောက်ခံ အကြမ်းဖက်စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားအများအပြား ဒဏ်ရာရရှိခဲ့ကြပြီး ပဥ္စမနှစ်- ဓာတုအင်ဂျင်နီယာ (RIT) ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့ရပါတယ်။
နောက်ဆုံးနှစ်-စက်မှုအင်ဂျင်နီယာ (RIT) ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုစိုးနိုင်ကတော့ အဆိုပါ ပစ်ခတ်မှုမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသရင်း ဧပြီလ ၅ ရက်နေ့မှာ ကျဆုံးခဲ့တာပါ။