ဖုန်းမော်နေ့ (ဝါ) မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ (၃၄)နှစ် ပြည့်မြောက်အဖြစ် မန္တလေးမြို့လှုပ်ရှားမှု

Photo-Poison

ဒီနေ့ မတ်လ (၁၃) ရက်နေ့ ဖုန်းမော်နေ့ (ဝါ) မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ (၃၄)နှစ် ပြည့်မြောက်အဖြစ် မန္တလေးမြို့ တော်လှန်လူငယ်များက စစ်အာဏာရှင် တိုက်ဖျက်ရေး စာတန်းချိတ် ဆန္ဒပြခဲ့ကြပါတယ်။

“လွတ်လပ်တရားမျှတမှုမရသရွှေ့ သူရဲကောင်းဝိဉာဉ်တွေဟာ မသေ” စာတန်းပါ ခေါင်းစည်းပိတ်စကို မန္တလေးမြို့ သိပ္ပံလမ်းမကြီးပေါ်တွင် ချိတ်ဆွဲခဲ့ကြတာပါ။အဆိုပါ ဆန္ဒပြ လှုပ်ရှားမှုကို မန္တလေးသပိတ်အင်အားစု လူငယ်များက ဦးဆောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။