စစ်ရေးအရ အရေးပါတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF တပ်ရင်း ၁) က ဒီကနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်က အကြိမ်ပေါင်းများစွာ လက်နက်ကြီးနဲ့ပစ်ခတ်သလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မတ်လ ၁၃ ရက်နေ့မှာ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။
နန်းမယ်ခုံမြို့ကို ယာယီဆုံးရှုံးရပြီးနောက် ဒေါငံခါးရွာကို ထပ်မံ လက်လွှတ်လိုက်ရခြင်းဖြစ်ပြီး KNDF ရဲဘော် တချို့လည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပုံစာ-ဒေါငံခါးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲစဉ်