ကသာမှာ ဒီနေ့မနက် အကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံး များနိုင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာအနီးမှာ ဒီနေ့မနက်ပိုင်းက မြို့လှ PDF ရဲ့ ဆီးကြိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးအများအပြား ရှိနိုင်တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်လောက်က အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ချောင်းဝရွာအနီးမှာ မြို့လှ PDF တပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ မြို့လှ PDF က ထုတ်ပြန်ပါတယ်။
အင်အား ၇၂ ဦးပါ ခမရ ၄၁၅ က တပ်ရင်းမှူး ထွန်းနောင်ပိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ ချောင်းဝရွာကနေ ဆင်ကုန်တိုင်ရွာဘက် ခြေလျင်စစ်ကြောင်းထိုးလာစဉ် လမ်းခုလတ်မှာ မြို့လှ PDF တပ်ခွဲ (၂ ) ဗိုလ်ဇာမဏီ ဦးဆောင်တဲ့တပ်ဖွဲ့ က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်လောက်ရှိခဲ့တယ်လို့ သိရပါတယ်၊ အဲဒီတိုက်ပွဲမှာ မြို့လှ PDF တပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။