နဘုလည်ဒေသမှာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

Photo- လူမှုကွန်ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလည်ဒေသ ထိန်ကြီးကျေးရွာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ ထိန်ကြီးကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးညာဏ်ရီကို အမည်မသိသေနတ်သမားတစ်ဦးက နေအိမ်မှာရှိနေချိန် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“အဲ့လူမှာလည်း သေနတ်ရှိတယ်၊ သူကပျူစောထီးခေါင်းဆောင်လိုဖြစ်နေတာ၊ တစ်ခါရွာသားတစ်ယောက်ကိုလည်း သူပစ်သတ်ဖူးတယ်၊ သူကိုယ်တိုင်လဲ တစ်ခါအပစ်ခံရသေးပြီး မသေတာ၊ အခုတော့သေရှာပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။