စစ်ရှောင် နှစ်သိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ သောက်သုံးရေ ခက်ခဲနေ

Photo-ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်
စစ်ရှောင် တစ်သိန်း ခုနှစ်သောင်းခန့်ရှိတဲ့ ကယားပြည်နယ်တွင် စစ်ရှောင်ဦးရေ ငါးဆယ်ရာခိုင်နှုန်း သောက်သုံးရေအခက်အခဲ ကြုံနေတယ်လို့ The 74 Media ကဖော်ပြထားပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ပိုင်း၊ ဖရူဆိုမြို့နယ် အနောက်ဘက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးတိမ်း ရှောင်သူတို့တွင် ဇန်နဝါရီလကုန်ပိုင်းက စတင်ကာ ရေရှားပါးမှုတွေကြောင့် ရေဝယ်ယူသုံးစွဲနေရတယ်လို့ ဖယ်ခုံဒေသခံတွေက ဆိုပါတယ်။
ရေကန်တစ်ကန်ကို မြန်မာငွေကျပ် သုံးထောင်နဲ့ ဝယ်ယူရပြီး မြေသယ်ကား တစ်စီးကို ကျပ်ခြောက်ထောင်နဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ သူကဆက်ပြောပါတယ်။
လွိုင်ကော်မြို့ စစ်ဘေးရှောင်စခန်းတွင်လည်း နွေရာသီ ရေခမ်းမှုတွေကြောင့် ရေရရှိဖို့ ခက်ခဲနေတဲ့အပြင်ရေမသန့်ရှင်းမှုကြောင့် စခန်းရှိ ကလေးငယ်များတွင် အရေပြားယားယံမှုတွေနဲ့ ဝမ်းပျက်ဝမ်းလျောတွေ အဖြစ်များနေတယ်လို့ ဖယ်ခုံစစ်ဘေးရှောင် ကူညီသူ တစ်ဦးက ဆိုပါတယ်။
ကယားပြည်နယ်တွင် တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံ လူဦးရေ တစ်သိန်းခန့် ထွက်ပြေးတိမ်းရှောင် နေရတာပါ။
Source- The 74 Media