ကသာမြို့နယ်အတွင်း စစ်အုပ်စု မိုင်းဆွဲခံရပြီး ဆယ်ဦးထက်မနည်း​သေ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကိ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ ကျောင်းသားတပ်မတော် ABSDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကသာ ပကဖက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၇ နာရီခန့်လောက်မှာ ကသာမြို့ကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို နွားကူးကျေးရွာဟောင်းအနီးမှာ ကသာ ပကဖနဲ့ ABSDF တို့ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်တွေ ဖြတ်တောက်ထားပြီး သာလွန် လက်နက်အင်အားတွေနဲ့ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေပါ အသုံးပြုကာ ထိုးစစ်ဆင်နွှဲနေလျှက်ရှိနေပါတယ်။