ထီးလင်းမှာ CDM ရဲတွေ ဦးဆောင်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ CDM ရဲတပ်ဖွဲ့ဝင် ၂၀ ဦးဆောင်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေဖို့နဲ့ ဒေသအတွင်းမှာ တရားဥပဒေစိုးရေး လုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသအတွင်းမှာ တရားမဝင် သစ်လုပ်ငန်းတွေ ပပျောက်အောင် လောင်းကစားဝိုင်းတွေ ပပျောက်အောင်နဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ဒေသတွင်း တရားမဝင်လုပ်ငန်းတွေနဲ့ ပြစ်မှုဆိုင်ရာ မတရားမှုတွေကို ထီးလင်းပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။