မန္တလေးမြို့မှာ ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက်ပိုင်းမှာ ၃ကြိမ်တိုင်တိုင် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက် ၉နာရီခန့်မှာ အမရပူမြို့နယ် နတ်ရေကန်ကျေးရွာမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာန ရုံးအနီးမှာ ဗုံး၂လုံးဆင့်ပေါက်ကွဲခဲ့ပြီး မနက် ၇နာရီခွဲလောက်ကလည်း ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးရှေ့မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“လျှပ်စစ်ရုံးမှာ ကွဲတာက အသံမိုင်း၊ မပေါက်သေးတဲ့ မိုင်းတစ်လုံးလဲ တွေ့တယ်လို့ ပြောနေကြတယ်၊ အကုန်လုံး ပိတ်ဆို့ပြီးတော့ ရှာနေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့မှာ ပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။