ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအနီးမှာ စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲခံရ 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအနီး မန္တလေး-ရွှေဘိုကားလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းဆွဲခံရပြီး သေဆုံးဒဏ်ရာရရှိသူတွေ ရှိနိုင်တယ်လို့ ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရွှေဘိုယမ်းဘီလူးပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

မနေ့က မတ်လ ၁၀ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ စစ်ကား ၆စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကား၂စီးပျက်စီးခဲ့ပြီး သေဆုံးသူတွေ ရှိနိုင်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဘိုယမ်းဘီလူးအဖွဲ့၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ တော်ဝင်ဒေါင်းနဲ့ ShweBoDefenseForce SBDFတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ ရွာသားတွေကို သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။