တောင်ကိုရီးယားသမ္မတသစ်ဖြစ်လာမယ့် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် 

Photo – BLOOMBERG

မနေ့က ပြုလုပ်တဲ့ တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲမှာတော့ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ယွန်းဆက်ယို အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီကနေ ဝင်ပြိုင်တဲ့ လီဂျေးမြောင်ကတော့ ရှုံးနိမ့်ခဲ့ပေမယ့် ယွန်းဆက်ယို အတွက် ဂုဏ်ပြုကြောင်းပြောခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ မဲအပြတ်အသတ်ကွာဟတာမရှိပဲ ယွန်းဆက်ယိုက တရာခိုင်နှုန်းမဲအသာနဲ့ အနိုင်ရခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် သမ္မတသစ်ဖြစ်လာတော့မယ့် ယွန်းဆက်ယိုဟာ ဒီကနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောကြားခဲ့တယ်လို့ ကွန်ဆာဗေးတစ်ပါတီက ပြောပါတယ်။

တချိန်တည်းမှာပဲ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း မစ္စတာ ယွန်းကို ကြိုဆိုကြောင်းနဲ့ တောင်ကိုရီးယား – ဂျပန် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ လက်တွဲလုပ်ဆောင်နိုင်ရေး မျှော်လင့်တယ်လို့ ဆိုပါတယ်။