သံတောင်ကြီးမြို့နယ်တွင်းမှာ ပြည်သူတွေရဲ့ နေအိမ်တချို့နဲ့ ဘုရားကျောင်း ပစ္စည်းတွေ မီးရှို့ခံရ

ဓာတ်ပုံ- လူမှုကွန်ရက်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကဆောပလိုအောက်ရွာ(ခ) ထာသောဖိုလီကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်၊စျေးဆိုင်တချို့နဲ့ ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာရှိတဲ့ ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၈ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တချို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ထာသောဖိုလီကျေးရွာအနီး သောက်ရေခပ်ကျေးရွာမှာ စခန်းချထားပြီး အနီးဝန်းကျင်ကို တောနင်းရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။