ချောင်းဦးမြို့နယ် ပုဂံကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ရှမ်းထူးတောင်ဖီလာအနောက်တောင်မှာရှိတဲ့ ပုဂံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေ ပေါင်းပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၉ရက်နေ့ မွန်းလွဲ ၁နာရီခွဲလောက်မှာ ဝယာကျေးရွာကို မီးရှို့ဖျက်ဆီးနောက် ပုဂံကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒီကနေ့ မနက်ပိုင်းမှာ ကံကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ မဘသအဖွဲ့ဝင် သင်္ကန်းခြုံလက်နက်ကိုင်တစ်ဦး ဦးဆောင်တဲ့ ပျူစောထီးတွေကို မဟာမိတ်ညီနောင် ၅ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို အနီးဝန်းကျင်ကျေးရွာတွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်တာနက်တွေ ဖျက်ထားပြီး သာလွန်စစ်အင်အား လက်နက်အင်အားကို အသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေပြီး ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။