ရွှေကူမြို့နယ် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိ March 8, 2022 ဒေသအလိုက် သတင်းကဏ္ဍ Credit- The 74 Media ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။ မနေ့က မတ်လ ၇ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀ကျော်နဲ့ မံဝိန်းကျေးရွာကို ဝင်ရောက်တပ်စွဲပြီးနောက် ညနေ ၃နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက စစ်ကြောင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KIAက ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီဘက်က စစ်ကြောင်းမှူးက ကျတယ်မကြားသေးဘူး၊ ထိတယ်ပဲကြားတာ။ KIA က ဒူဝါ(ဒုဗိုလ်)တစ်ယောက်ကျပြီး PDF တစ်ယောက် ခြေထောက်ထိတယ်။ ခြေထောက်ထိတဲ့ PDF က မစိုးရိမ်ရဘူး”လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။ မံဝိန်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ရွှေကူ
ဒေသအလိုက် သတင်းကဏ္ဍ ဖားကန့်က စစ်အုပ်စုစခန်းတစ်ခုကို KIA နဲ့ PDF ထပ်မံသိမ်းပိုက် February 3, 2022 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းတစ်ဖက်ကမ်း ဂျာရာယန်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို KIAနဲ့ PDFတို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachin Waveမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၃ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ဖားကန့်မြို့က နာမည်ကြီး ဟိုတယ် နဲ့ ကေတီဗီပိုင်ရှင်အမျိုးသမီးတဦးကို လူတစုက ဖမ်းဆီးသတ်ဖြတ် July 9, 2023 ဒေသအလိုက် သတင်းကဏ္ဍ ဇူလိုင် ၊ ၉ ကချင်ပြည်နယ် ၊ဖားကန့်မြို့ရှိ နာမည်ကြီး ဟိုတယ်နဲ့ ကေတီဗီပိုင်ရှင် အမျိုးသမီးတဦးကိုဇူလိုင်လ ၈ ရက် မနေ့ညက လူတစုကက နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် လမ်းမှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ ကျနော်တို့ သိရသလောက်တော့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ဖားကန့် မလန်းယန်ကျေးရွာကို စစ်ကောင်စီ စီးနင်းပြီး ဒေသခံနှစ်ဆယ်ကျော်ကိုဖမ်းဆီး April 29, 2023 နိုင်ငံရေး ဧပြီ၊ ၂၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းယန်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]