ရွှေကူမြို့နယ် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိ March 8, 2022 ဒေသအလိုက် သတင်းကဏ္ဍ Credit- The 74 Media ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။ မနေ့က မတ်လ ၇ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀ကျော်နဲ့ မံဝိန်းကျေးရွာကို ဝင်ရောက်တပ်စွဲပြီးနောက် ညနေ ၃နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက စစ်ကြောင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KIAက ဒုဗိုလ်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီဘက်က စစ်ကြောင်းမှူးက ကျတယ်မကြားသေးဘူး၊ ထိတယ်ပဲကြားတာ။ KIA က ဒူဝါ(ဒုဗိုလ်)တစ်ယောက်ကျပြီး PDF တစ်ယောက် ခြေထောက်ထိတယ်။ ခြေထောက်ထိတဲ့ PDF က မစိုးရိမ်ရဘူး”လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။ မံဝိန်းကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ရွှေကူ
နိုင်ငံရေး ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှာ စစ်တပ်ဖမ်းထားသူတွေထဲက ဆယ်ဦးပြန်လွတ်လာ December 27, 2022 နိုင်ငံရေး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာက ခိုင်လုံကုန်း ကျောက်စိမ်း လုပ် ကွက်ထဲ စစ်တပ်က စီးနင်းပြီး ဖမ်းဆီးထားသူတွေထဲက ဆယ်ဦးကို ဒီဇင်ဘာ (၂၆)ရက် မနေ့က ပြန် လွှတ် ပေး လိုက်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ဖားကန့် မလန်းယန်ကျေးရွာကို စစ်ကောင်စီ စီးနင်းပြီး ဒေသခံနှစ်ဆယ်ကျော်ကိုဖမ်းဆီး April 29, 2023 နိုင်ငံရေး ဧပြီ၊ ၂၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းယန်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ စစ်အုပ်စုရဲ့ ယာဉ်တန်းကို KIAပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် April 6, 2022 ဒေသအလိုက် သတင်းကဏ္ဍ ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ KIA တပ်မဟာ (၂) တပ်ရင်း ၂၇ နယ်မြေအတွင်း ဝင်ရောက်လာတဲ့ အင်အား [ဆက်လက်ဖတ်ရှုရန်]