မရမ်းကုန်းက Brave Bar ဗုံးခွဲတိုက်ခံရ

ဓာတ်ပုံ- Brave Bar
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Barမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ၈ရက်နေ့ ညနေ ၃နာရီလောက်မှာ တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ JBFက ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
Brave Barဟာ စစ်အုပ်စုနဲ့ ပူးပေါင်းနေသူ ဦးစိုးလှိုင်ပိုင်ဆိုင်တဲ့ ဆိုင်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အအုံနဲ့ မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“အကြမ်းဖက်စစ်ကောင်စီကို ငွေကြေးအရကူညီထောက်ပံ့ပေးနေတာ၊ လူငယ်တွေအပေါ် စီးပွါးရေးအရ အမြတ်ထုတ်တာ ၊လူငယ်တွေရဲ့အနာဂတ်ကို မူးယစ်ဆေးတွေနဲ့ ဖျက်ဆီးနေပြီး လူငယ်တွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊အနာဂတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး လုပ်ဆောင်နေတာကြောင့် အခုလိုတိုက်ခိုက်တာလို့ JBFက ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို အားပေးကူညီနေရုံသာမကဘဲ လူငယ်တွေရဲ့ အနာဂတ်တွေကိုပါ ထပ်မံဖျက်ဆီးနေပါက ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ JBFက ကြေညာခဲ့ပါတယ်။