ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ သက်ကြီး ၃ ဦးနဲ့ကလေး ၁ ဦး လက်နက်ကြီးကျည်သင့် ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ မြို့နယ်၊ လက်ပံတောရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ သက်ကြီးရွယ်အို ၃ ဦးနဲ့ ကလေးတစ်ဦး အကြမ်းဖက်စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ် ကန်သာရွာနဲ့ လက်ပံတောရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့နေ့လည် ၁၂ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် မပြေးနိုင်လို့ လက်ပံတောရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အဘိုးအဘွား (၃) ဦးဖြစ်တဲ့ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်သန်းလှနဲ့ မြတ်ဘုန်းနိုင် (၅နှစ်) တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးကတော့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးသူဟာ ၆ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ် အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးက ‘ကျွန်တော်တို့လည်း အတည်မပြုနိုင်သေးဘူး။ ၄ ဦးသေသလား၊ ၆ ဦးသေသလား ဆိုတာကို’ လို့ ပြောပါတယ်။