မိုးမောက်မှာ စစ်အုပ်စုလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး အပစ်ခံရ

ဓာတ်ပုံ- The 74 Media

ကချင်ပြည်နယ် မိုးမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၇ရက်နေ့ ညနေ ၅နာရီခန့်မှာ မိုးမောက်မြို့မရဲစခန်းက နယ်ထိန်းရဲ ကျော်ဇေယျ(ခ) ကျော်ကျော်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“သူကဈေးဝယ်တယ်ထင်တယ်။ ဆိုင်ကယ်နဲ့သွားရင်း ရပ်နေတဲ့ချိန် နောက်စေ့တည့်တည့် ပစ်ခံရတာ။”လို့  ဒေသခံတစ်ဦးက The 74 Mediaမှာ ဖြေကြားထားပါတယ်။ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ စစ်အုပ်စုက ကား၂စီးနဲ့ရောက်လာပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။