နန်းမားဘက် တက်လာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်

ကချင်ပြည်နယ်၊ နန်းမားမြို့ဘက်တက်လာတဲ့ စစ်​ယာဉ်တန်းကို ​ကေအိုင်​အေနဲ့ PDF ​​ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် နန်းမားကြားမှာ ဒီနေ့မနက် ၇ နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်းမီဒီယာ Kachinwaves က ဖော်ပြပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နန်းမားအ​ခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ အမြောက်တပ်ဟာ တိုက်ပွဲဖြစ်တဲ့နေရာဆီ မနက် ၇ နာရီကနေ အခု ၉ နာရီထိုးခါနီးအထိလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လက်နက်ငယ်တွေပစ်ခတ်နေသံကိုလည်း မပြတ်ကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောတယ်လို့ သိရပါတယ်။တိုက်ပွဲပြင်းထန်နေလို့ နန်းမားမြို့ထဲက စျေးဆိုင်တချို့ ပိတ်သိမ်းနေကြကြောင်း သိရပါတယ်။