စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်သူရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စိုင်ပြင်ရဲစခန်းမှာ စစ်အုပ်စုက အင်အား ၆၀ ကျော်နဲ့ တပ်စွဲစခန်းချထားတာ ဖြစ်တယ်လို့ သိရပါတယ်။စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာကြောင့် ဒေသတွင်း သတင်းအချက်တွေ ရရှိဖို့ နှောင့်နှေးနေပါတယ်။