စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ကနေ အင်းတော်မြို့ဘက်ကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ် ယာဉ်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ Indaw Revolution IR က သတင်းဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီခန့်မှာ စစ်အုပ်စုရဲ့ယာဉ်တန်းကို KIA၊ I.PDF၊ ပကဖ၊ Indaw Tiger Army တို့က ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက ကားတစ်စီး ပက်လက်လန်ကျတဲ့အထိ မိုင်းထိမှန်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ်၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၂၀ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်တွေဖြတ်တောက်ထားပြီး သာလွန်စစ်အင်အား လက်နက်အင်အားတွေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေပါတယ်။