စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ပထမအသုတ် အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်ဝန်ထမ်း ၅၀ နီးပါးရဲ့ စာရင်းကို ကနီ PDF ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီစစ်အုပ်စုထောက်တိုင် ဝန်ထမ်းတွေဟာ ကနီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ရေရှည်ရပ်တည်နိုင်ဖို့ ကူညီပံ့ပိုးအားပေးခြင်း ၊အများပြည်သူကို စိတ်ပင်ပန်းအောင် ပြုမူခြင်း ၊ CDM ဝန်ထမ်းတွေ နဲ့သူတို့ရဲ့ မိသားစုတွေကို ဖိနှိပ်ခြင်းနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက် တာဝန်မထမ်းဆောင်လိုတဲ့ဝန်ထမ်းတွေ နှုတ်ထွက်ဖို့ ပြုလုပ်တဲ့အခါ အမျိုးမျိုး ဖိနှိပ်ခြင်းတို့ ပြုမူနေကြောင်း ကနီ PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။
ကနီ PDF ကထုတ်ပြန်တဲ့ ပထမအသုတ် ထောက်တိုင်ဝန်ထမ်း ၄၉ ဦးထဲမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအယောက်၂၀ နဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပညာရေးဝန်ထမ်း ၁၀ ဦးဖြစ်ကာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသာ ပါဝင်ပါတယ်။
အဲဒီဝန်ထမ်းတွေဟာ တစ်နှစ်တိုင် ကြာခဲ့ပေမဲ့ ပြည်သူနဲ့မပူးပေါင်းတဲ့အပြင် တစ်စထက်တစ်စ ပြည်သူတွေအပေါ် ဆိုးဝါးစွာ ပြုမူလာခဲ့တာကြောင့် ပြည်သူ့ဝန်ထမ်း CDMသူရဲကောင်းတွေနဲ့ အုတ်ရောရော ကျောက်ရောရော မရှိစေဖို့စစ်အုပ်စုထောက်တိုင် ဝန်ထမ်း ပထမအသုတ်အဖြစုစည်းဖော်ပြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။