ဒီးမော့ဆိုကို စစ်အုပ်စု စစ်ကြောင်း ၄ကြောင်းနဲ့ ထိုးစစ်ဆင်နေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်စတင်နေတယ်လို့ KNDF B-02 က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီခန့်က စတင်ပြီး စစ်အုပ်စုရဲ့ လွိုင်ကော်အခြေစိုက်တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့ပြီး အင်အား ၃၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း ၄ ကြောင်းဟာ ဒီးမော့ဆိုမြို့ကို ထိုးစစ်စတင်နေတာပဲဖြစ်ပါတယ်။
KNDF နဲ့ PDF တွေဟာ လက်နက်အင်အား မလုံလောက်သေးပေမဲ့ အကောင်းဆုံးခုခံတော်လှန်နေကြရတယ်လို့ KNDF B-02 က ဆိုပါတယ်။
ကြမ်းဖက်စစ်အုပ်စုဟာ နေပြည်တော်ရဲ့ ခေါင်မိုးသဖွယ်ဖြစ်နေတဲ့ ကရင်နီပြည်ရဲ့ အနောက်ဘက်ခြမ်းကို နယ်မြေစိုးမိုးမှုတွေ ရယူနေတာဖြစ်တယ်လို့ သိရပါတယ်။