ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ၃ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၅ ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးရွာနဲ့ ပူဖါးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ KNDF၊ KA ၊ လွိုင်ကော် PDF နဲ့ တခြားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ၃ ရက်တာ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ဘက်က ဒဏ်ရာရသူတချို့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုဘက်ကတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်ကြောင့် စစ်ရှောင်ပြည်သူတွေရဲ့နေအိမ် ၁၅ လုံး လက်နက်ကြီးထိမှန်ပြီး အိမ် ၁၇ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ မတ်လ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ တိုက်ပွဲ ပြင်းထန်နေပါတယ်။