စစ်သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးချက်ကို မလိုက်နာတဲ့ ဒူးရင်းဆိပ်အုပ်ကြီးကို ရှင်းလင်း

Crd -RBH
အကြမ်းဖက်စစ်တပ် သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာတဲ့ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်းလိုက်တယ်လို့ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒူးရင်းဆိပ်ကျေးရွာဟာ သထုံ-ဘားအံ ကားလမ်းအနီးမှာ တည်ရှိပြီး ဒူးရင်းဆိပ်အုပ်ချုပ်ရေးမှူး ဇင်မင်းဦးဟာ အကြမ်းဖက်စစ်တပ် သတင်းပေး ဆက်လက်လုပ်ဆောင်နေသူဖြစ်တယ်လို့ သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ပါတယ်။
‘ဒီအချိန်မှာ အုပ်ကြီးလုပ်ရင် စစ်ခွေးခိုင်းတာ ခံရမှာပဲ။ တချို့အုပ်ကြီးတွေက စစ်ခွေးတွေနဲ့ ဆက်ဆံရေး အဆင်ပြေရုံအဆင့်ပဲ၊ ပြည်သူကို ဒုက္ခမပေးဘူး။ တချို့ကျတော့ စစ်ခွေးကို အဖေလိုသတ်မှတ်ပြီး သတင်းပေး၊ စစ်ခွေးအားကိုးနဲ့ ပြည်သူကိုမောက်မာ၊ ဒုက္ခပေး။ အဲလိုကောင်တွေကိုတော့ ရှင်းကိုရှင်းမှရမယ်’ လို့ သထုံမြို့၊ မင်းလမ်းပေါ်ရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
စစ်သတင်ပေး ဒလန်လုပ်နေသူတွေကို ထပ်မံရှင်းလင်းသွားမယ်လို့ သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။