မန္တလေးတိုင်း မြင်းခြံမြို့နယ် ဧရာဝတီမြစ် ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် နေပူကုန်းကျေးရွာကို ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ကျွဲ၊နွားတွေမပါမချိန် လုယက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၄ ရက်နေ့ မနက်၁၀နာရီခန့်မှာ မြောင်မြို့နယ် နေပူကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်ကာ ပြည်သူတွေမွေးမြူထားတဲ့ ကျွဲ၊နွားတိရစ္ဆာန်တွေကိုပါ လုယက်သွားခဲ့တာဖြစ်ပါတယ်။
မတ်လ ၂ ရက်နေ့ မနက်ပိုင်းက မြင်းခြံမြို့နယ် ဧရာဝတီမြစ် ဆီးမီးခုံဆိပ်ကမ်းမှာ အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ တင့်ကားပါ စစ်သင်္ဘောတစ်စီး အတိုက်ခိုက်ခံရပြီးနောက် အခုလို သောင်းကျန်းနေကြတာပဲဖြစ်တယ်လို့ သိရပါတယ်။