စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာနဲ့ တပ်ကျိုးကုန်းကျေးရွာကြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၁၀ဦးကျော်သေဆုံးပြီး အလောင်းတွေကို ပီနံအိတ်နဲ့ပါထုတ်ကာ သယ်ဆောင်နေရတယ်လို့ ဗျတ္တညီနောင်PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ မနက် ၉နာရီ၄၁မိနစ်ခန့်မှာ ဘန့်ဘွေးကျေးရွာနဲ့ တပ်ကျိုးကုန်းကျေးရွာကြား ယာကြီး-ကလေးဝလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုရဲ့ အင်အား ၁၅၀ခန့်ပါ ခြေလျင်စစ်ကြောင်းနဲ့ သံပြားကာ ကားတစ်စီးကို မဟာမိတ်ညီနောင်အဖွဲ့ဖြစ်တဲ့ မြွေဟောက်ပြောက်ကျားအဖွဲနဲ့ ပူးပေါင်းအဖွဲ့တွေဟာ မိုင်းအလုံး ၃၀နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ၁၀ဦးထက်မနည်းသေဆုံးကာ သေဆုံးသူတွေကို ပီနံအိတ်နဲ့ထည့်ပြီး စစ်ကား၂စီးနဲ့ သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။