ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ လက်နက်မျိုးစုံ ၄၀ ကျော်ဖမ်းမိ

Photo – Maesaipress
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မြို့နယ်မှာ လက်နက်မျိုးစုံ ၄၀ကျော်နဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
မနေ့က မတ်လ ၃ ရက်နေ့မှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့က မယ်ဆိုင်မြို့ရဲ့ နေရာ ၄ နေရာကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ‘King Nonthaburi’ အမည်နဲ့ ငွေကြေးခဝါချမှုတွေ၊ မူးယစ်ကုန်ကူးမှုတွေရှိနေပြီး မယ်ဆိုင်၊ချင်းရိုင်း၊မဲဆောက်ကနေတဆင့် မြန်မာနိုင်ငံကို ပို့ဆောင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေကို ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ၂၀၁၉နဲ့ ၂၀၂၁ုနှစ်တွေမှာ မူးယစ်ကုန်ကူးတယ်လို့ စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်ပြီး ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ သီးခြားဖော်ပြထားတာမရှိခဲ့ပါဘူး။