မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ ပျူစောထီးတွေဟာ စခန်းမြို့ရွနြဲ့ မြောက်ခင်ရန်းကျေးရွာကြားမှာရှိတဲ့ တောင်ယာပဲခင်းတွေမှာ မိုင်းတွေထားခဲ့တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ ယောမီဒီယာက ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ ပျူစောထီး ၃၀ဦးခန့်ဟာ ပြည်သူတွေရဲ့ တောင်ယာပဲခင်းတွေမှာ လိုက်လံမိုင်းတွေ တပ်ဆင်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စန်းမြို့နဲ့ မြောက်ခင်ရန်းကျေးရွာအနီးမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ တောင်ယာတွေကို သွားလာတဲ့ အခါမှာ သတိထားသွားလာကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။