မန္တလေးမြို့မှာ တစ်ရက်တည်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်းနှစ်လောင်းတွေ့

Credit- MFP
မန္တလေးမြို့မှာ ဒီကနေ့ မတ်လ ၃ရက်နေ့ တစ်ရက်တည်းမှာပဲ ပိုင်ရှင်မဲ့ အမျိုးသား ၂ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၈နာရီ၃၀မိနစ်ခန့်မှာ အရှေ့မြို့ပတ်လမ်းနဲ့ ရေတံခွန်တောင် ဂေါက်ကွင်းသွားလမ်းဆုံမှာ လက်ပြန်ကြိုးတုန်ခံထားရပြီး ယာဘက်မျက်လုံး ပေါက်ထွက်ဒဏ်ရာနဲ့ အသက် ၃၅နှစ်ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ၁၂၈လမ်းနဲ့ ၅၇လမ်းပေါ်မှာလည်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက်၂၀ဝန်းကျင် အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
” အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ဆိုတော့ သမားရိုးကျ သေတာတော့ မဟုတ်ဘူးပေါ့။ ရန်ညှိုးရန်စတွေကြောင့် အသတ်ခံရတာလား တခြားကိစ္စကြောင့် အသတ်ခံရတာလားဆိုတာ စဉ်းစားစရာပဲ။ သေချာတာကတော့ လူစိတ်ကင်းမဲ့သူတွေက လုပ်သွားကြတာပဲ”လို့ ဒေသခံတစ်ဦးက MFPမှာ ဖြေကြားထားပါတယ်။
မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးထက် တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးရေးသာ လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့အနေနဲ့လည်း မှုခင်းဖြစ်စဉ် အားလုံးနီးပါးကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။