ရန်ကုန်မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ တောင်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်းပြီး နွေဦးတော်လှန်ရေးအတွင်း မြောက်ဥက္ကလာပမြို့နယ် သွေးစွန်းခြင်း (၁) နှစ်ပြည့်တွင် “ကျဆုံးလေသော ရဲဘော်များအား သက်သေတည်၊ တောင်းယူလို့မရ တိုက်ယူကြ၊ ကတုတ်ကျင်းများအလွန် ကမ္ဘာသစ်ဆီ” စာသားကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့ဒီ မိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေးတို့အတွက် အဆုံးထိတိုက်ပွဲ၀င်ကြိဖို့လည်း နှိုးဆော်ခဲ့ကြတာပါ။