ဖေဖော်၀ါရီ တစ်လထဲ ထိုင်းနိုင်ငံကို တရားမ၀င်မြန်မာလုပ်သား ၅၀၀၀ ကျော်၀င်ရောက်

Credit – Thai News
ဖေဖော်၀ါရီ တစ်လထဲကို ထိုင်းနိုင်ငံအတွင်း နယ်စပ်၀င်ပေါက် လေးပေါက်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာလုပ်သား ၅၀၀၀ ကျော်လောက်ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူကော်မတီ ဥကဠ ဦးမိုးကြိုးက Delta News Agency ကို ပြောပါတယ်။
နယ်စပ်၀င်ပေါက်တွေဖြစ်တဲ့ ထိုင်းနဲ့ကရင်ပြည်နယ် နယ်စပ်မွန်ပြည်နယ်၊ တနသိာရီတိုင်းတွေက နယ်စပ်၀င်ပေါက်တွေကနေ၀င် အဓိက ၀င်ရောက်လာကြတာလို့ သူကဆက်ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ tak ခရိုင်အတွင်း မြန်မာလူဦးရေ နှစ်သိန်းကျော်နဲ့ ထိုင်းလူဦးရေ ၈ သောင်းနီးပါး နေထိုင်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိမ်းသိမ်းခံရသူ တရားမ၀င်လုပ်သားတွေကို ထိုင်းအစိုးရက တပတ်မှာ ၃ ရက် နေရပ်ကို ပြန်ပို့နေတာပါ။ တနေ့ကို လူဦးရေ ၂ဝဝ ဝန်းကျင်နဲ့ တပတ်ကို လူ ၆ဝဝ လောက် ပြန်ပို့ပေးနေတယ်သိရပါတယ်။