ယူကရိန်းကိုကူညီထောက်ပံ့ဖို့ လစာထဲကလှူမယ့် ထိုင်ဝမ်သမ္မတ

Photo – Google
ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးအတွက် လစာတလစာ လှူဒါန်းသွားမယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပြောလိုက်ပါတယ်။
ဒုတိယသမ္မတ William Lai နဲ့ ၀န်ကြီးချုပ် Su Tseng-chang တို့ကလည်း သူတို့ရဲ့ တစ်လစီ လစာလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
အခုသီတင်းပတ်ထဲမှာပဲ ဆေးဝါးပစ္စည်း ၂၇တန်ပါဝင်တဲ့ အကူအညီတွေ ယူကရိန်းဆီကို ပထမအကြိမ်ပေးပို့ခဲ့တယ်လို့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အစည်းအဝေးမှာ သမ္မတဆိုင်အင်းဝမ်က ပြောကြားခဲ့ပါတယ်။
ရုရှားကတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို အထူးစစ်ဆင်ရေးလုပ်ဆောင်တာလို့ ပြောခဲ့ပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ထိုင်ဝမ်ဟာ ပျက်ကွက်တာမရှိဘူး၊ ယူကရိန်းကို အပြည့်အဝ ထောက်ခံတယ်။”လို့ သမ္မတက ဆိုပါတယ်။
ဆိုင်အင်းဝမ်ရဲ့ သမ္မတလစာဟာ တလကို အမေရိကန်ဒေါ်လာ ၁၄,၂၅၀ ခန့် ရရှိတယ်လို့ အဲဒီအခြေအနေနဲ့ ရင်းနှီးသူတစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။