ဒုတ်ထစ်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်မှာရှိတဲ့ ဒုတ်ထစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂ရက်နေ့ မနက်ပိုင်းမှစတင်ကာ ရမ်ထလိုကျေးရွာနဲ့ ဒုတ်ထစ်ကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဒုတ်ထစ်ကျေးရွာကို ညနေ ၅နာရီလောက်က စတင်ကာ မီးရှို့ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။
ဒုတ်ထစ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းအမိုးလည်း လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ် ဘယ်နှစ်လုံးအထိ မီးလောင်ပျက်စီးခဲ့ရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။