ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တွစ်တာမှာ ရေးသားလိုက်ပါတယ်။
တရားမျှတမှု ကင်းမဲ့စွာနဲ့ ကျူးကျော်မှုဒဏ် ခံနေရတဲ့ ယူကရိန်းပြည်သူတွေအတွက် ဆုမွန်ကောင်း တောင်းပေးနေတယ်လို့ ယာယီသမ္မတက ဆိုသလို ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာ ဥပဒေတွေကို ပျက်ပြားစေတဲ့ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေပါတယ်။