တောင်ကြီး နယ်ထိန်းရဲ နေအိမ်ဗုံးပေါက်

Sources- သျှမ်းသံတော်ဆင့်
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်မှာရှိတဲ့ နယ်ထိန်းရဲတစ်ဦးရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်မှာ အမည်မသိသူ တစ်ဦးက ဗုံး ၂ လုံး လာရောက်ပစ်ထည့်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး နေအိမ်အဖီနဲ့ မီးဖိုဆောင်ခေါင်းမိုးပွင့်ထွက်ကာ ဆိုင်ကယ်တစ်စီး ပျက်စီးသွားတယ်လို့ သိရပါတယ်။
“နယ်ထိန်းရဲအိမ် ပစ်ခံရတာပါ။ သူ့မိန်းမက စည်ပင်က အဲ့ကြောင့်အဲ့မှာနေတာ။ အိမ်က နှစ်ထပ်ဖြစ်တယ်။ စျေးဘေးကပ်ရက် နေရာကောင်း။ စဝ်စံထွန်းစျေးတောင်ဘက် ဖုန်းတာဝါတိုင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားအပြီးမှာ စစ်အုပ်စုက လုံခြုံရေးလိုက်လံတင်းကြပ်ထားခဲ့တယ်လို့ သိရပါတယ်။