ယူကရိန်းမြို့တော် အပြင်ဘက်မှာ မိုင် ၄၀ ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်း ရောက်ရှိနေ

Photo – Reuters
ယူကရိန်းမြို့တော် ကိယက် မြောက်ဘက်မြို့စွန်မှာ ရောက်နေတဲ့ ရုရှားစစ်ယာဉ်တန်းဟာ အရင်က ထင်ထားတာထက် ပိုမိုအင်အားများနေကြောင်း ဂြိုလ်တုဓာတ်ပုံအသစ်က ဖော်ပြနေပါတယ်လို့ Reuters သတင်းဌာက ဖော်ပြပါတယ်။
တင့်ကားတွေနဲ့ သံချပ်ကာကားတွေပါဝင်တဲ့ အဲဒီယာဉ်တန်းဟာ မိုင် ၄၀ ကျော်ရှည်လျားပြီး မူလခန့်မှန်းချက်ထက် နှစ်ဆကျော် ရှည်လျားတယ်လို့ ဂြိုလ်တုပုံရိပ်ဖော်ကုမ္ပဏီ Maxar Technologies က ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းနယ်စပ်မြောက်ဘက် ဘီလာရုစ်တောင်ဘက်မှာ နောက်ထပ်ရုရှား မြေပြင်တပ်တွေနဲ့ ရဟတ်ယာဉ်တွေ စခန်းချထားတာကိုလည်း ဂြိုလ်တုဓာတ်ပုံမှာ တွေ့ရတယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။