ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်အုပ်စုယာဉ်တစ်စီး မိုင်းဆွဲခံရ

ဓာတ်ပုံ- K.D.D.F
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၃ ၁ဖာလုံအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြင်စည်မြို့ကနေ မန္တလေးမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့ယာဉ်တစ်စီးကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နေ့လည် ၁၁နာရီ ၅၀မိနစ်ခန့်မှာ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ K.D.D.Fက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် အနည်းငယ်ပျက်စီးသွားခဲ့ပြီး မန္တလေးမြို့ဘက်ကို ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။