ချောင်းဦးမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ရှင်းလင်းခံရ

ဓာတ်ပုံ- အမြင့်တိုက်နယ် သတင်းပြန်ကြားရေး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကုလားကြီးကျေးရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသမီးတစ်ဦး ရှင်းလင်းခံခဲ့ရတယ်လို့ အမြင့်တိုက်နယ် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နေ့လည် ၁၂နာရီ ၅၅မိနစ်ခန့်မှာ ကုလားကြီးကျေးရွာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ အမျိုးတော်စပ်ပြီး ပျူစောထီးအဖွဲ့လို့ဆိုသူ ဒေါ်စောဝင်းကို ဗိုလ်တောက်ပဦးဆောင်တဲ့ ပြောက်ကျားတပ်ဖွဲ့တစ်ခုက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ် သိရပါတယ်။
ဒေါ်စောဝင်းရှင်းလင်းခံရပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေဟာ ကုလားကြီးကျေးရွာထဲက ပြည်သူ ၄ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။