Photo- Financial Times
ဥရောပသမဂ္ဂ (အီးယူ) မှာ ယူကရိန်းနိုင်ငံ အဖွဲ့ဝင်အဖြစ်လက်ခံဖို့ ယူကရိန်းသမ္မတ ဇေလန်စကီးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီး အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချင်ချင်းလက်ခံဖို့ ကျနော်တို့ ပန်ကြားပါတယ်။ ယူကရိန်းအနေနဲ့ ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ကာကွယ်ဖို့ လိုအပ်နေတာကြောင့် ဒီထူးခြားတဲ့ အခြေနေအောက်မှာ အီးယူအနေနဲ့ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့ ယူကရိန်းသမ္မတက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဥရောပသားအားလုံးနဲ့ အတူရှိဖို့ဖြစ်ပြီး အရေးအကြီးဆုံးကတော့ တန်းတူညီမျှရှိဖို့ပါ။ အဲဒါက တရားမျှတဖို့ဆိုတာ သေချာပါတယ်။ ကျွန်တော်ကတော့ အဲဒါနဲ့ ထိုက်တန်တယ်ဆိုတာ သေချာပါတယ်” လို့ သမ္မတက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ စလိုဗေးနီးယားနိုင်ငံရဲ့ သမ္မတတွေကတော့ ယူကရိန်းဟာ အီးယူအဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့ ထိုက်တန်ကြောင်း စာတစ်စောင်ကို ဖေဖော်ဝါရီ ၂၈ ရက်ကလက်မှတ်ရေးထိုးကြပါတယ်။