“အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမကွဲပြားဘူး” ဆိုတဲ့စာသားကိုင်ဆောင် ပြောက်ကျားသပိတ်

Photo- Yangon People Strike
ဒီနေ့ ရန်ကုန်မြို့တနေရာတွင် ရန်ကုန်လူထုသပိတ်က ဆန္ဒပြပြည်သူများက “ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” “အသက်တွေကို အားနာတတ်တဲ့တစ်နေ့ ပါဝင်ကူညီပါ” ၊ “ကမ္ဘာမကြေဘူး” စာသားများကို ကိုင်ဆွဲကာ ဖက်ဆစ်စစ်တပ်မှ အကြမ်းဖက်ပစ်ခတ် ကြွေလွင့်ခဲ့ရတဲ့ အာဇာနည်တို့ရဲ့ တနှစ်ပြည့် ဝမ်းနည်းကြောင်း ပြသတဲ့ ဖက်စစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တွင် ကျဆုံးခဲ့တဲ့ ကိုညီညီထက်နိုင်၊ ဒေါ်တင်နွဲ့ရီ၊ ကိုဇင်းလင်းထက်နှင့် ကိုဟိန်းထွဋ်အောင်၊ နွေဦးတော်လှန်ရေးတွင် ကျရာနေရာ/တာဝန်မှ အသက်ပေးခဲ့သော သူရဲကောင်းများ​၏ စိတ်ဓာတ်စွဲကိုင်၍ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကြွေးကြော်ခဲ့ကြပါတယ်။