ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် တော်လှန်လူငယ်များ စုပေါင်းပြီး ဒီနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်းအလံနဲ့ In Solidarity with Ukraine ဆိုတဲ့ စာသားကို ကိုင်ဆောင်ပြီး ယူကရိန်းပြည်သူများနှင့်အတူရပ်တည်ကြောင်း၊ ရုရှား၏ အင်အားသုံး ကျူးကျော်မှုကို ရှုတ်ချကြောင်း ဖော်ထုတ်ပြသခဲ့ကြပါတယ်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစုမှ ဦးဆောင်ကာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊Rangoon Empire နဲ့ “စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု” တွေဖြစ်တဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ လူငယ်များသမဂ္ဂ၊ Revolution Force (RF)၊LGBT Community Yangon၊Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM၊ တကသကျောင်းသားဟောင်းများအင်အားစုတို့မှ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။