ဖားအံမြို့နယ်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

Photo- KNU
KNU ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စုအတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ BGF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ ၂ ဦးဟာ နို့သရေးကျေးရွာနေ စောဖားလားဘေး အသက် (၅၀) နှစ်နဲ့ စောပြည့်စုံ အက် (၁၄) နှစ်တို့ဖြစ်ပြီး လက်နက်ကြီးကျည်မှန်မှုကြောင့် ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီလ ၂၃၊၂၄၊၂၅ ရက်နေ့တွေမှာ ဖားအံမြို့နယ်အတွင် KNLA တပ်ရင်း ၁ တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေအကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်အုပ်စုက သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။