မြန်မာအင်န်ဂျီအိုတွေကို ကန်ဒေါ်လာ ၁၀ သန်းကျော် ဒိန်းမတ် လှူဒါန်းခဲ့

မြန်မာနိုင်ငံသားတွေရဲ့ စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံရေး မတည်ငြိမ်မှုဒဏ် လျော့ပါးသက်သာစေဖို့ ဆောင်ရွက်ပေးနေတဲ့ အင်န်ဂျီအိုတွေကို ဒိန်းမတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်က စတင်ပြီ းအမေရိကန်ဒေါ်လာ ၁၁ သန်းလောက်နဲ့ညီမျှတဲ့ ဒိန်းမတ် ခရိုနာ သန်း ၇၀ လောက် လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေး၊ လူမှုအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရေးနဲ့ လိုအပ်နေသူတွေကို လူသားချင်း စာနာမှု အကူအညီပေးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြည်တွင်း ပြည်ပ အင်န်ဂျီအိုတွေကို ဒိန်းမတ်သံရုံးက ကျေးဇူးတင် ဂုဏ်ပြုကြောင်းလည်း ဆိုပါတယ်။
ဒီနေ့ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အကျိုးအမြတ်အတွက် မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အဲဒီအဖွဲ့တွေရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်တွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့
ကမ္ဘာ့အင်န်ဂျီအိုနေ့ ဖြစ်ပါတယ်။