ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံအနီး စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိ

စစ်ကိုင်းတိုင်း ထီးချိုင့်မြိုကနယ် မြတောင်လမ်းဆုံအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ မနက်ပိုင်းပိုင်းမှာ မြင်တောင်ရွာနဲ့ မြတောင်လမ်းဆုံကြားမှာ စစ်အုပ်စုရဲ့ ကားကို Myataung.GZ-HPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုအနေနဲ့ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပြီး အရေအတွက်ကို သီးခြား အတည်ပြုနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။