ချင်းပြည်နယ်အတွင်း စစ်အုပ်စုနဲ့ PDFတို့ တိုက်ပွဲတွေမှာ စစ်အုပ်စုက ၂၁ ဦးသေ

ချင်းပြည်နယ်ဘက်ကို လောင်းရှည်မြို့ဘက်ကနေ စစ်အင်အားဖြည့်ဝင်ရောက်လာတဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခိုကု PDF ပူးပေါင်းတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ၂၄ ရက်နေ့အထိ ကြားဖြတ်တိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဆော PDF က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အင်အား ၂၀၀ ကျော်ပါတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကား ၁၆ စီးနဲ့ ချင်းပြည်နယ်ဘက်ကို အင်အားဖြည့်ဝင်ရောက်လာရာမှာ လောင်းရှည်-ချင်းပြည်နယ်ကားလမ်း ဆွဲလဲကျင်း၊ ရေရှောင်မျက်ခင်းပြင်အနီးမှာ PDF-SAW၊ CDF Kanpetlet၊ CAN ပူးပေါင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပူးပေါင်းတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက အောင်သပြေတွေကမ်းကာ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။