ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းမှာ စစ်အုပ်စုကားတစ်စီး မိုင်းထိ

စစ်ကိုင်းတိုင်း ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိမှန် သေဆုံးသူများပြားနိုင်တယ်လို့ Northern – Yesagyo ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုကို Northern – Yesagyo နဲ့ ငဘဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ကားနောက်မှာ လူမှုကူညီရေးကားတစ်စီး ကပ်ပါလာခဲ့ပြီး ကားပေါ်မှာ ပြည်သူတစ်ဦး ပါဝင်နေတာကိုလည်း ရှောင်ရှားတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်အပြီးမှာ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။