စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာအနီးမှာ အကြမ်းဖက်စစ်တပ်ဟာ ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲကစပြီး မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်ခွာလာတဲ့ Mi35 ရဟတ်ယာဉ် ၂ စီးဟာယင်းမာပင်နှင့် ကနီကြားရှိ ချင်းပုန်းကျေးရွာအနီးမှာရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘အပေါ်ကနေရဟတ်ယာဉ်နဲ့ပစ်တယ်ဆိုတော့ သူတို့ စခတွေထုံးစံအရဆို မြေပြင်စစ်ကြောင်းထိုးမယ် ထင်တယ်။ အခုထိတော့ ထိခိုက်တဲ့ အခြေအနေ ဘာမှမကြားသေးဘူး’ လို့ ယင်းမာပင်အခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း မြေပြင်အထိအခိုက် အခြေအနေကို မသိသေးဘူးလို့ ထုတ်ပြန်ပါတယ်။