ကုလလုံခြုံရေးကောင်စီမှာ ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချမယ့် မူကြမ်း ရုရှားကဗီတိုအာဏာသုံးပြီး ပယ်ချ

Photo- UN

ကုလလုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချမယ့် မူကြမ်းကို ရုရှားကပဲ ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချရေး ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနေ့က လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံရှိတဲ့အနက် တရုတ် ၊ အိန္ဒိယနဲ့ ယူအေအီးနိုင်ငံတို့က ကြားနေခဲ့ကြပြီး ကျန်တဲ့ ၁၁နိုင်ငံစလုံးကတော့ ရုရှားရဲ့ကျူးကျော်စစ်ကို ရှုတ်ချကြောင်း မဲပေးခဲ့ကြပါတယ်။ 

ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကတော့ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားတပ်တွေ စစ်တန်းလျားကို ပြန်ကြဖို့ ပြောလိုက်ပါတယ်။ 

လက်ရှိမှာတောာ့ ရုရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်အထိ ရောက်ရှိနေကြပြီဖြစ်ပါတယ်။