မြန်မာနိုင်ငံမှာ Genocide ကျုးလွန်မှုတွေရှိခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ ဦးတိုက်လျှောက်ထားမှုကို ICJ တရားရုံးက လက်ခံကြားနာဖို့ ဆုံးဖြတ်ခဲ့ရင် အမှုဟာ နှစ်နဲ့ချီကြာမယ်လို့ သိရပါတယ်။
လာမယ့်ဖေဖေါ်ဝါရီ၂၈ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက တစ်နာရီခွဲကြာ လျှောက်လဲမှာဖြစ်ပြီး အဲဒီနောက် ICJ က ဆုံးဖြတ်မယ်လို့ VOA က ဖော်ပြပါတယ်။
ICJ မှာ ဒီအမှုကိုလက်ခံစီရင်ပိုင်ခွင့်မရှိဘူး၊ ဒါမှမဟုတ် ဂမ်ဘီယာမှာလျှောက်ထားခွင့်မရှိဘူးလို့ ICJ က ဆုံးဖြတ်ချက်ကျရင် ပြီးဆုံးပြီဖြစ်ပြီး တရားရုံးက လက်ခံကြားနာဖို့ ဆုံးဖြတ်မယ်ဆိုရင် Genocide ကျုးလွန်ကြောင်း စွဲချက်တွေ ငြင်းဆိုမှုတွေနဲ့ အပြန်အလှန်သက်သေတွေနဲ့ ဆက်လက်တရားစီရင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယမန်နေ့က ပြုလုပ်တဲ့ ICJ တတိယနေ့ကြားနာပွဲမှာ Genocide ကျုးလွန်မှုတွေရှိခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ ဦးတိုက်လျှောက်ထားတဲ့ကိစ္စမှာ မြန်မာအကြမ်းဖက်စစ်အုပ်စုခန့် ကိုကိုလှိုင်က ICJ အနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်ပြတဲ့ ဒီအမှုကို လက်ခံစီရင်ခွင့်မရှိတဲ့အကြောင်း ဂမ်ဘီယာအနေနဲ့လည်း တင်ပြစွဲဆိုပိုင်ခွင့်မရှိတဲ့ အကြောင်းနဲ့ ဖေဖေါ်ဝါရီ၂၃ ရက်နေ့က ဂမ်ဘီယာရဲ့ တင်ပြချက်တွေထဲ လက်ရှိကြားနာပွဲအဆင့်နဲ့ မကိုက်ညီတဲ့ စွပ်စွဲချက်တွေပါဝင်နေခဲ့ပြီး အဲဒါဟာ ICJ တရားရုံးကို အတင်းအကြပ်ဖိအားပေးတဲ့သဘောတောင် သက်ရောက်နေကြောင်း ထောက်ပြခဲ့ပါတယ်။