
အာဏာရူးတွေကို ဆန့်ကျင်တဲ့နေရာမှာ ဘက်ပေါင်းစုံက ရရင်ရသလို ဆန့်ကျင်တော်လှန်နေဖို့ လိုတယ်ဆိုတာကို သံဃသမဂ္ဂသံဃာများ ဆွမ်းခံကြွရင်း သံဃသမဂ္ဂသပိတ်စစ်ကြောင်းနဲ့ တော်လှန်ခဲ့ကြပါတယ် ။
နွေဦးတော်လှန်ရေး (၁)နှစ်ကျော်ကာလ “ပြန်လည်စုရုန်း နှစ်ခြောက်လုံး ” လူထုလှုပ်ရှားမှုမှာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး အာဏာရူးတွေကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြတာပါ။
တော်လှန်ရေး ရေချိန်မြင့်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အရေးကြီးလာပါတယ်လမ်းမတွေပေါ် ပြန်ထွက်ဖို့ခက်ခဲတဲ့အခြေနေမှာ သပိတ်ကော်မတီအသီးသီးက ခေါင်းဆောင်တွေရဲ့
လူထုသပိတ်တိုက်ပွဲဖော်ဆောင်မှုတွေမှာတော့ ပြည်သူတွေအင်တိုက်အားတိုက် ပူးပေါင်းဆောင် ရွက်ပေးကြဖို့ နိူးဆော်တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။
ဖက်ဆစ်စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုမျိုးစုံကို သုံးပြီး အကြောက်တရားနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ကြိုးစားလာတာတွေ့ရပါတယ်။ ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်ပါစေ ပြည်သူတွေ လက်မခံရင် အုပ်ချုပ်လို့ မရပါဘူး ပြည်သူတွေရဲ့ ညီညွတ်မှုအားဟာ အဓိကကျပါတယ်။
ဒါကြောင့် လူထုသပိတ် တိုက်ပွဲတွေ အရှိန်မြှင့်ဖို့ အချိန်ကျလာပြီး မိမိတို့ ပါဝင်လို့ရတဲ့နေရာကနေ ပူးပေါင်း ပါဝင်ပေးကြဖို့နှိုး ဆော်ထားပါတယ်။